top of page

ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ အခမဲ့ အတိုင်ပင်ခံရုံးသို့ ဆက်သွယ်ပါ။

ဒေသဆိုင်ရာအစိုးရများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် အလုပ်သမားသမဂ္ဂများထံမှ အကြံဉာဏ်နှင့် ပံ့ပိုးကူညီမှုများကို ရယူခြင်းသည် သင့်အခွင့်အရေးဖြစ်သည်။ အလုပ်ကိစ္စများအတွက် သင်အကူအညီတောင်းသောကြောင့် သင့်အား အနိုင်ကျင့်ခြင်း သို့မဟုတ် အလုပ်ှထုတ်ပယ်ခြင်းများကို အလုပ်ရှင်များမှ လုံးဝလုပ်ပိုင်ခွင့်မရှိပါ။​ သင့်အလုပ်သမားအခွင့်အရေးများကို အလုပ်ှင်မှ အသိအမှတ်မပြုပါက သို့မဟုတ် သင့်လုပ်ငန်းခွင်ဆိုင်ရာအခြေအနေများနှင့် ပတ်သက်၍ မေးစရာများရှိပါက အတိုင်ပင်ခံဌာန နှင့် ပံ့ပိုးကူညီရေးအဖွဲ့အစည်းများသို့ ဆွေး‌နွေးတိုင်ပင်ပါ။

အကြံဉာဏ်မတောင်းမီ၊ သင်၏နေထိုင်ခွင့်အခြေနေ (zairyū shikaku) နှင့် နိုင်ငံကူးလက်မှတ် စသည်တို့ကို စစ်ဆေးပါ။ ထိုအချက်များကွဲပြားမှုပေါ် လိုက်၍ ဖြေရှင်းဆောင်ရွက်ချက်များလိုက်၍ကွဲပြားနိုင်ပါသည်။  နေထိုင်ခွင့် ကုန်ဆုံးသူများ လည်း ဆွေး‌နွေးတိုင်ပင်နိုင်ပါသည်။​ အကယ်၍ သင်သည် မည်သည့်အဖွဲ့အစည်းနှင့် ဆက်သွယ်တိုင်ပင်ရမည်ကို မသိပါက သို့မဟုတ် စကားပြန်လိုချင်ပါက၊ OPIEF သို့ ဆက်သွယ်ပါ။

OPIEF (Prefectural International Exchange Foundation)  

​ 

အိုကယာမစီရင်စုရှိ ရွှေ့ပြောင်းနေထိုင်သူများအတွက် ထောက်ပံ့ရေးစင်တာ OPIEFသည် လိုအပ်သည့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပေးခြင်းနှင့် လိုအပ်ပါက ဘာသာပြန်အနေဖြင့်လည်းကူညီဆောင်ရွက်ပေးပါသည်။ သာစကားအမျိုးမျိုးဖြင့် တိုင်ပင်ဆွေးနွေးမှုများကို ဖုန်း သို့မဟုတ် အီးမေးလ်ဖြင့်လည်း ရရှိနိုင်ပါသည်။

 

တိုင်ပင်ဆွေးနွေးခြင်း။: Japanese, English, 中文, Português, Tiếng Việt, Tagalog, 한국어, Bahasa Indonesia, ภาษาไทย, नेपाली, Español, +

HelloWork Okayama (အလုပ်အကိုင်ဝန်ဆောင်မှုရုံး)

​ ​

Hello Work သည် အစိုးရအေဂျင်စီ (ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနလက်အောက်ရုံး) ဖြစ်သည်။ အလုပ်ရှာဖွေရေးနှင့် အလုပ်လက်မဲ့အာမခံအကျိုးခံစားခွင့်များလျှောက်ထားရေး စသည့်အကြောင်းအရာများကို တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ Okayamaမြို့၊ Kurashiki မြို့ နှင့် Soja မြို့တို့တွင် ဘာသာစကားပေါင်းစုံကောင်တာများရှိသည်။ နေ့ရက်အလိုက် တိုင်ပင်ဆွေးနွေးနိုင်သောဘာသာ ဘာသာမတူသောကြောင့် အသေးစိတ်အတွက် ဝဘ်ဆိုက်ကို ကြည့်ရှုပါ။

တိုင်ပင်ဆွေးနွေးခြင်း။: လွယ်ကူသော ဂျပန်စကား, English, Português

 

  • 086-241-3701 (လွယ်ကူသော ဂျပန်စကား)

  • 1-1-20 Noda၊ Kita Ward၊ Okayama

  • တနင်္လာမှသောကြာ ၈း၃၀-၁၇း၁၅

Okayama Labour Standards Inspection Office

​ 

အလုပ်သမားစံချိန်စံညွှန်းစစ်ဆေးရေးရုံးသည် အစိုးရ (ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန)ရုံးတစ်ခုဖြစ်သည်။ လုပ်ခလစာ၊ လုပ်ခမရပဲအချိန်ပိုဆင်းခိုင်းခြင်း နှင့် အချိန်ပိုလုပ်ခ၊ အချိန်ပိုအလုပ်၊ အားလပ်ချိန် သို့မဟုတ် လစာခွင့်မပေးခြင်း၊ အလုပ်ထွက်လိုသော်လည်း ထွက်ခွင့်မပြုခြင်းနှင့် အလုပ်သမားများ၏ လျော်ကြေးအာမခံ ခံစားခွင့်များ ငြင်းပယ်ခံရခြင်းစသည့် ပြဿနာများအကြောင်း တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

တိုင်ပင်ဆွေးနွေးခြင်း။ လွယ်ကူသော ဂျပန်စကား

 

  • 086-283-4540 (လွယ်ကူသော ဂျပန်စကား)

  • 2-11-20 Daiku၊ Kita Ward၊ Okayama

  • တနင်္လာမှသောကြာ ၈း၃၀-၁၇း၁၅

နိုင်ငံခြားသားအလုပ်သမားများ အတိုင်ပင်ခံ‌ရေးစင်တာ (အလုပ်သမားဗျူရို)

​ 

အလုပ်သမားဗျူရိုသည် အစိုးရအဖွဲ့အစည်း (ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန) ဖြစ်သည်။ အလုပ်သမားပြဿနာများ၊ အာဏာသုံးနှောင့်ယှက်မှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ မီးဖွားခွင့်နှင့် ကလေးပြုစုစောင့်ရှောက်ခွင့်စသည်များကို ဖုန်းဖြင့် တိုင်ပင်နိုင်ပါသည်။ နေ့ရက်အလိုက် တိုင်ပင်ဆွေးနွေးနိုင်သောဘာသာ ဘာသာမတူသောကြောင့် အသေးစိတ်အတွက် ဝဘ်ဆိုက်ကို ကြည့်ရှုပါ။

တိုင်ပင်ဆွေးနွေးခြင်း။ လွယ်ကူသော ဂျပန်စကား, English, 中文, Tiếng Việt

ဖူကုယာမ ယူနီယံ တန်ပိုပို (Fukuyama Union Tanpopo)

 

ဟီရိုရှီးမား၊ Fukuyama ရှိ အလုပ်သမားသမဂ္ဂဖြစ်သည်။ အလုပ်ခွင်နှောင့်ယှက်မှု၊ အလုပ်အပြောင်းအလဲ၊ စက်မှုမတော်တဆမှုများနှင့် အခြားအရာများကဲ့သို့သော ကိစ္စရပ်များအတွက် အကြံဉာဏ်ပေးပါသည်။ နေထိုင်ခွင့်ကုန်ဆုံးပြီးသော ရွှေ့ပြောင်းအလုပ်သမားများ (overstay) အပါအဝင် အလုပ်သမားအားလုံးတိုင်ပင်ဆွေးနွေးနိုင်ပါည်။

 

Facebook Messenger: Japanese, လွယ်ကူသော ဂျပန်စကား, 中文, Tiếng Việt, ខ្មែរ, Indonesian, အခြားဘာသာစကားများ အတွက် စကားပြန်

 

  • 084-928-5055 (လွယ်ကူသော ဂျပန်စကား) အချက်အလက်လုံခြုံမှုအာမခံပါသည်

  • 4-1-25 Kasumicho၊ Fukuyama

  • တနင်္လာ-တနင်္ဂနွေ / တစ်နှစ်လုံးဖွင့်ထားသည်: ၁၀:၀၀-၁၆:၀၀

  • fukuyama-u-t@mx71.tiki.ne.jp

Okayama Labour Union (Okayama kenrō kaigi)

 

Okayama ရှိ အလုပ်သမားသမဂ္ဂဖြစ်သည်။ ၎င်းအဖွဲ့အစည်းတွင် အလုပ်သမားများသည် မိမိတို့၏နေ့စဉ်ဘဝ၊ လုပ်ငန်းခွင်ပြဿနာများ စသည်တို့နှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်နိုင်သည်။ နေထိုင်ခွင့်ကုန်ဆုံးပြီးသော ရွှေ့ပြောင်းအလုပ်သမားများ (overstay) အပါအဝင် အလုပ်သမားအားလုံးတိုင်ပင်ဆွေးနွေးနိုင်ပါည်။

 

တိုင်ပင်ဆွေးနွေးခြင်း။: လွယ်ကူသော ဂျပန်စကား, 日本語, အခြားဘာသာစကားများအတွက် စကားပြန်

 

အလုပ်သမား သမဂ္ဂဆိုတာဘာလဲ?

​ 

သမဂ္ဂများသည် အလုပ်သမားများအတွက် သီးခြားလွတ်လပ်သော* အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်းတို့သည် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ရန်၊ လုပ်ငန်းခွင်အခြေအနေနှင့် လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို မြှင့်တင်ရန် လုပ်ဆောင်ကြသည်။ *သမဂ္ဂများသည် အစိုးရများ၊ ကုမ္ပဏီများ၊ စီမံခန့်ခွဲမှုအဖွဲ့များ (kanri dantai) ၊ သမဝါယမအဖွဲ့များ (kyōdō kumiai) စသည်တို့မှသီးခြားဖွဲ့စည်းကြသည်။

ဘယ်အချိန်‌ဆွေးနွေးတိုင်ပင်နိုင်ပါသလဲ? အလုပ်တွင် လုံခြုံမှုမရှိခြင်း၊ အာဏာသုံးနှောင့်ယှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရခြင်း၊ အချိန်ပိုကြေး ပေးဆောင်ခြင်း မပြုခြင်းစသည့် ပြဿနာများရှိပါက သမဂ္ဂများသည် သင့်ကိုယ်စား သင့်လုပ်ရှင်နှင့် ညှိနှိုင်းပေးနိုင်ပါသည်။

ဘယ်သူတွေ ဆွေးနွေးတိုင်ပင်လို့ရမလဲ? မည်သည့်နိုင်ငံသားမဆိုသို့မဟုတ် မည်သည့် နေထိုင်မှုးအဆင့် မဆို အလုပ်လုပ်နေသူအလုပ်သမားအားလုံးသည် အလုပ်သမား သမဂ္ဂများထံမှ အကြံဉာဏ်ရယူခြင်း၊ ပူးပေါင်းပါဝင်ခြင်းနှင့် အကူအညီရယူခြင်း များဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ထိုကဲ့သို့ အကူအညီ ရယူခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊ သမဂ္ဂတစ်ခုသို့ ဝင်ရောက်ခြင်းကြောင့် အလုပ်ရှင်များမှ မိမိအား ခြိမ်းခြောက်ခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်း သို့မဟုတ် မတရားပြုမူခြင်းများမလုပ်ဆောင်နိုင်ရန် ဥပဒေအရတားမြစ်ထားသည်။"

Okayama ပြည်သူ့ဥပဒေရုံး (Okayama Public)

 

ဥပဒေအကျိုးဆောင် ကုမ္ပဏီတစ်ခုဖြစ်သည်။ ဥပဒေအကြံဉာဏ်ပေးခြင်း၊ ချေးငွေဆိုင်ရာ၊ အလုပ်သမားရေးရာ၊ ယာဉ်မတော်တဆမှု၊ ကွာရှင်းမှု နှင့် လူဝင်မှုကြီးကြပ်ရေးစသည့် ခြေအနေကဲ့သို့သော ပြဿနာများအတွက် တိုင်ပင်နိုင်ပါသည်။ နေထိုင်ခွင့်ကုန်ဆုံးပြီးသူ (overstay) များကိုလဲ အကျိုးဆောင်တိုင်ပင်ပေးပါသည်။ မိနစ် ၄၀ အတွက် ဆွေးနွေးတိုင်ပင်ခမှာ ယန်း ၅၅၀၀ ဖြစ်သည်။ ဖုန်း သို့မဟုတ် အွန်လိုင်းဖြင့် ကြိုတင်မှာယူပါ။

 

တိုင်ပင်ဆွေးနွေးခြင်း။: လွယ်ကူသော ဂျပန်စကား, 日本語, English, အခြားဘာသာစကားများအတွက် စကားပြန်

OPIEF
HelloWork
Labour Standards
Labour Bureau
Union Tanpopo
Okakenro
What is a union?
Public Law
bottom of page