top of page

သင့်အခွင့်အရေးများကို

ဤလက်ကမ်းစာစောင်သည် အလုပ်သမားတစ်ဦးအနေဖြင့် သင်၏တရားဝင်အခွင့်အရေးဆိုင်ရာသိမှတ်စရာများကို အကျဉ်းချုပ်မိတ်ဆက်ပေးထားပါသည်။ သင့်လုပ်ငန်းခွင်တွင် သင်၏အခွင့်အရေးများကို လေးစားမှုမရှိဟု ခံစားရပါက၊  နောက်စာမျက်နှာတွင် ဖော်ပြထားသော အတိုင်ပင်ခံရုံးများသို့ ဆက်သွယ်ရန် တုံ့ဆိုင်းမနေပါနှင့်။ → တိုင်ပင်စရာနေရာများ

1 အလုပ်စာချုပ်

koyō keiyakusho

​ ​​

  • သင့်၏ အလုပ်စာချုပ်မိတ္တူကိုရယူပြီး စာချုပ်တွင် လက်မှတ်မထိုးမီ စာချုပ်ပါ အကြောင်းအရာများကို သေချာစစ်ဆေးပါ။

  • ကျေးဇူးပြု၍ သင်၏အလုပ်စာချုပ်ကို သိမ်းဆည်းထားပါ။

 

အလုပ်စာချုပ်ဆိုသည်မှာ အလုပ်သမားတစ်ဦးအနေဖြင့် သင်၏အခွင့်အရေးနှင့် တာဝန်များကို သတ်မှတ်ဖော်ပြပေးထားသည့် သဘောတူညီချက်တစ်ခုဖြစ်သည်။ အလုပ်သစ်တစ်ခုစသောအခါတွင်၊ သင့်အလုပ်ရှင်သည် သင့်အား လုပ်ငန်းခွင်အခြေအနေများအကြောင်း အသေးစိတ်စာရွက်စာတမ်းများ ပေးဆောင်ရပါမည်။ 

သင့်အလုပ်ရှင်သည် အတတ်နိုင်ဆုံး သင်၏ဘာသာစကားဖြင့် ပုံနှိပ်ထားသော စာချုပ်ဖြင့်ချုပ်ဆိုပေးသင့်သည်။ * အကယ်၍ အလုပ်စာချုပ် သို့မဟုတ် အလုပ်စည်းမျဉ်းများကို ဂျပန် ဖြင့်သာရရှိပြီးသင်ကိုယ်တိုင် ဘာသာပြန်ဆိုခြင်းမပြုနိုင်ပါက စာချုပ်ပါအကြောင်းအရာများကို ဂျပန်စာဖတ်နိုင်သူနှင့် သေချာစစ်ဆေးပါ။

2 လုပ်ခ၊ လစာ

kyūryō / kyūryō

​  

  • ဥပဒေအရသတ်မှတ်ထားသော အနိမ့်ဆုံးလုပ်ခ* ထက်ပို၍ပေးဆောင်ပါသလား။

  • တစ်လတစ်ကြိမ် တိုက်ရိုက်ပေးချေပါသလား။

လစာကို ကြားခံတစ်ဦးဦးဆီမှမဟုတ်ဘဲ (ငွေသား သို့မဟုတ် ဘဏ်အကောင့်ဖြင့်) သင့်ဆီတိုက်ရိုက်ပေးချေရမည်ဖြစ်သည်။
အလုပ်သဘောတူစာချုပ်ပါ သတ်မှတ်ထားသည့် နေ့ရက်များအတိုင်း လစာကို အနည်းဆုံး တစ်လတစ်ကြိမ် ပေးချေရပါမည်။

 

အနိမ့်ဆုံးလုပ်ခ ဆိုသည်မှာ အလုပ်ရှင်များ မဖြစ်မနေပေးဆောင်ရမည့် အနိမ့်ဆုံးလုပ်ခပမာဏဖြစ်ပြီး နာရီအလိုက် လုပ်အားခဖြင့် တွက်ချက်ပါသည်။ ထိုအနိမ့်ဆုံးလုပ်ခလစာပမာဏများသည် ခရိုင်နှင့် လုပ်ငန်းအလိုက် ကွဲပြားနိုင်ပါသည်။ ခရိုင်မှသတ်မှတ်ထားသော အနိမ့်ဆုံးလုပ်ခ နှင့် လုပ်ငန်းမှသတ်မှတ်ထားသော အနိမ့်ဆုံးလုပ်ခကြား ကွာခြားမှုများရှိပါက၊ ပိုများသောပမာဏကိုအသုံးပြုရပါမည်။

* ၂၀၂၃ ခုနှစ်မှစ၍လက်ရှိထိ၊ အိုကယာမ စီရင်စုရှိ အနိမ့်ဆုံးလုပ်ခသည်  ၉၃၂ ယန်း ဖြစ်သည်။

* ၂၀၂၃ ခုနှစ်မှစ၍လက်ရှိထိ၊ ဟီရိုရှီးမားစီရင်စုရှိ အနိမ့်ဆုံးလုပ်ခသည် ၉၇၀ ယန်း ဖြစ်သည်။

3 လစာဖြတ်ပိုင်း 

kyūyo meisai-sho

​ 

  • သင့်လုပ်ခလစာနှင့်အတူ လစာရှင်းလင်းချက်စာရွက်* ကိုရယူပြီး စစ်ဆေးပါ။

  • သင့်လစာရှင်းလင်းချက်စာရွက်များကို သိမ်းဆည်းထားပါ။

အကယ်၍ သင့်လစာမှ ခွင့်ပြုချက်မရှိဘဲ လိုအပ်သည်ထက်ပို၍ နုတ်ယူမှုများရှိနေပါက၊ချက်ခြင်း တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လစာရှင်းလင်းချက်ဖြတ်ပိုင်းသည် သင့်အလုပ်ရှင်က သင့်အား ပေးဆောင်သည့်ပမာဏနှင့် သင်ထံမှမည်မျှနုတ်ယူထားသည်ကို ပြသည့်စာရွက်ဖြစ်ပါသည်။ တရားဝင်အားဖြင့်၊ အလုပ်ရှင်များသည် သင့်စာချုပ်တွင်ဖော်ပြထားသော အခွန်များ၊ အာမခံ သို့မဟုတ် သဘောတူညီထားသည့် နုတ်ယူမှုများကိုသာ နုတ်ယူနိုင်ခွင့်ရှိသည်။

 

*သင့်အလုပ်ရှင်သည် သင့်အား လစာရှင်းလင်းချက်စာရွက် (ပုံနှိပ် သို့မဟုတ် ဒစ်ဂျစ်တယ်) ပေးရန်လိုအပ်သည်။

4 အချိန်ပို 

zangyō

​ 

  • အချိန်ပိုအလုပ်ဆင်းရပါက အချိန်ပိုကြေးပေးဆောင်ပါသလား။

  • သင်အလုပ်လုပ်သည့်နေ့ရက်နှင့်နာရီများကိုမှတ်သားထားပါ။

သင်အချိန်ပိုဆင်းရခြင်း သို့မဟုတ် ညဘက်အလုပ်ဆင်းရခြင်း သို့မဟုတ် အားလပ်ရက်များတွင်အလုပ်ဆင်း ရပါက၊ ပုံမှန်လုပ်ခထက်တိုးမြှင့် ခံစားခွင့်ရှိပါသည်။
အခြေအနေပေါ်မူတည်၍ ပုံမှန်လုပ်ခထက်တိုးမြှင့် ခံစားခွင့်ရှိသောနှုန်းမှာ သင်၏ပုံမှန်တစ်နာရီလုပ်ခ၏ 1.25 မှ 1.75 ဆဖြစ်သည်။

ဥပဒေအရ ပုံမှန်အလုပ်ချိန်ကို တစ်ရက်လျှင် ၈ နာရီနှင့် တစ်ပတ်လျှင် နာရီ ၄၀ သတ်မှတ်ထားပါသည်။ အကယ်၍ သင့်ကုမ္ပဏီမှ သင့်အား ဤသတ်မှတ်ချက်ထက်ကျော်လွန်၍ အလုပ်ဆင်းရန် သို့မဟုတ် ညပိုင်းအလုပ်ဆင်းရန် သို့မဟုတ် အားလပ်ရက်များတွင် အလုပ်ဆင်းရန် တောင်းဆိုပါက၊ ၎င်းအား အချိန်ပိုအဖြစ် သတ်မှတ်မည်ဖြစ်သည်။ * သက်ဆိုင်သော အချိန်ပိုနှုန်းထားများကို စစ်ဆေးပါ။

5 လစာခွင့် 

yūkyū kyūka

​ 

  • လက်ရှိအလုပ်တွင် ၆ လ အလုပ်လုပ်ပြီး အလုပ်တက်ရက် ၈၀% ထက် ပိုပါက လစာခွင့် ကိုယူနိုင်ပါသည်။
     

သင်ခွင့်ယူသည့် အခါ သင့်ကုမ္ပဏီကို ခွင့်ယူသည့်အကြောင်းအရင်းကို တင်ပြရန် မလိုအပ်ပါ။ အလုပ်ရှင်များသည် သင့်အား ခွင့်ယူမှုနှင့်ပတ်သက်၍ မတရားဆောင်ရွက်ခွင့်မရှိသော်လည်း ၎င်းတို့သည် သင့်အား ခွင့်ရက်များကို အလုပ်အ‌ခြေနေအရ ပြောင်းလဲရန် ညှိနှိုင်းတောင်းဆိုနိုင်ပါသည်။

အစိုးရရုံးပိတ်ရက်များနှင့် လစာခွင့်များသည် သင်၏လစာကို ထိခိုက်စေမည်မဟုတ်ပါ။ ဝန်ထမ်းများသည် ကလေးစောင့်လျောက်ခွင့် နှင့် မီးဖွားခွင့်ကဲ့သို့သော မိသားစုအရေးဆောင်ရွက်ခြင်းဆိုင်ရာ ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။ သင်၏လုပ်ငန်းခွင်ဆိုင်ရာ စည်းမျဉ်းများတွင်စစ်ဆေးပါ။

6 ပိတ်ရက်များ 

kyūjitsu

​ 

  • သင်၏ပိတ်ရက်များနှင့် အစိုးရရုံးပိတ်ရက်များကို စစ်ဆေးရန် သင့်ကုမ္ပဏီ၏ ပြက္ခဒိန်ကို စစ်ဆေးပါ။

 

သင့်အလုပ်ရှင်သည် သင့်အား တစ်ပတ်လျှင် အနည်းဆုံး ပိတ်ရက် တစ်ရက် သို့မဟုတ် လေးပတ်တာကာလအတွင်း အနည်းဆုံး ပိတ်ရက် လေးရက်ပေးရပါမည်။


သင်၏အလုပ်တာဝန်မရှိသောနေ့သည် သင်၏ပိတ်ရက်ဖြစ်သည်။ သင်အလုပ်စတင်သည့်အခါ အလုပ်စည်းမျဉ်း နှင့် သင်၏ပိတ်ရက်ကို ကုမ္ပဏီ၏ပြက္ခဒိန် တွင်ကြည့်ရှု စစ်ဆေးပါ။ 

7 အားလပ်ချိန် (ခေတ္တ အနားယူချိန်) 

kyūkei

​ 

  • အလုပ်ချိန်အတွင်း အနားယူနိုင်ပါသလား။

 

အားလပ်ချိန်သည် လုပ်ငန်းခွင် နှင့် အလုပ်တာဝန်များအားလုံး ကို မစဥ်းစားပဲ လုပ်ငန်းခွင်ပြင်ပသို့ထွက်ခွာခြင်း စသဖြင့် မိစိတ်ကြိုက် အသုံးပြုခွင့်ရှိသော ကာလဖြစ်သည်။ အားလပ်ချိန်ကို လစာနဲ့ အစားထိုးလို့မရပါ (ဥပမာ - အားလပ်ချိန်တွင် အနားမယူ ပဲအလုပ်လုပ်ပြီး ‌လုပ်ခယူခြင်းကဲ့သို့ အစားထိုး၍မရပါ။)

 

သင်သည် ၁ ရက်လျှင် ၆ နာရီနှင့်အထက်အလုပ်လုပ်ပါက 45 မိနစ်အားလပ်ချိန် သို့မဟုတ် ၈ နာရီ နှင့်အထက် အလုပ်လုပ်ပါက ၁ နာရီအနားယူရမည်ဖြစ်သည်။

8 နှောင့်ယှက်ခြင်း။

harasumento

​ 

  • နှောင့်ယှက်မှုဆိုင်ရာ အထောက်အထားအားလုံးကို သိမ်းဆည်းပါ* (ဥပမာ ဘာတွေဖြစ်ခဲ့တယ်၊ ဘယ်သူ၊ ဘယ်အချိန်၊ ဘယ်လို)

နှောင့်ယှက်မှုကို သက်သေပြသည့် ဗီဒီယို သို့မဟုတ် အသံသွင်းချက်များ၊ စာသားမက်ဆေ့ခ်ျများ သို့မဟုတ် အီးမေးလ်များကို သိမ်းဆည်းပါ။​ သင့်ဘေးကင်းစေရန်အတွက် အလုပ်ရှင်များတွင် တာဝန်ဝတ္တရားရှိပြီး နှောင့်ယှက်ခံရမှုအတွက် သက်ဆိုင်ရာသို့သတင်းပေးခြင်း အပေါ် အလုပ်ရှင်များဘက်မှသင့်အားအရေးယူခွင့်မရှိပါ။  ‌ထိုသို့နှောင့်ယှက်တားဆီးခြင်းကို ဥပဒေအရတားမြစ်ထားသည်။ *နှောက်ယှက်ခံရမှုအတွက် သက်ဆိုင်ရာသို့သတင်းပေးခြင်းကို လုပ်ငန်းရှင်များမှ သင့်အားလိုက်လံ တားဆီးခြင်း  နှောင့်ယှက်ခြင်း အပေါ်  င့်ဘေးကင်းစေရန်အတွက် အလုပ်ရှင်များသည် တာဝန်ဝတ္တရားရှိပြီးမှုသတင်းပို့ခြင်းအတွက် သင့်အား အပြစ်ပေးအရေးယူရန် ခွင့်မပြုပါ။

ပိုမိုသိရှိလိုပါက၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဘာသာပေါင်းစုံဖြင့် ထုတ်ဝေထားသော "တန်းတူညီမျှရေးဥပဒေ၊ အလုပ်ခွင်နှောင့်ယှက်မှု၊ ကလေးထိန်းကျောင်းမှုနှင့် မိသားစု စောင့်ရှောက်ရေးဥပဒေအကြောင်း" ကို ဖတ်ရှုပါ။

9 ထုတ်ပယ်ခြင်း 

kaiko

​ 

  • သင် ရုတ်တရက် အလုပ်ထုတ်ခံရပါသလား? သင့်အလုပ်ရှင်ထံမှ ထုတ်ပယ်ခံရသည့်အကြောင်းရင်း၏ အထောက်အထားဆိုင်ရာစာရွက်စာတမ်းကို တောင်းဆိုပါ။

 

ထိုသို့ထုတ်ပယ်ခံရပါက အလုပ်ရှင်သည် ရက် ၃၀ ကြိုတင်၍ အကြောင်းကြားခြင်း သို့မဟုတ် ရက် ၃၀ စာလုပ်ခပေးဆောင်ရမည်ဖြစ်ပါသည်။ သင့်ကုမ္ပဏီမှ သင့်အား နုတ်ထွက်ရန် တောင်းဆိုသော်လည်း အလုပ်ဆက်လက်လုပ်ကိုင်လိုပါက တောင်းဆိုချက်ကို ငြင်းပယ်ပိုင်ခွင့်ရှိသည်။

ထုတ်ပယ်ခြင်းဆိုသည်မှာအလုပ်ရှင်မှ အလုပ်သဘောတူစာချုပ်တစ်ခုအား တစ်ဖက်သတ်ရပ်စဲခြင်းဖြစ်သည်။ အလုပ်နှင့်ပတ်သက်သော မတော်တဆမှုများ၊ ကိုယ်ဝန်ဆောင်ခြင်း နှင့် ကလေးမီးဖွားခြင်းစသည့် အကြောင်းပြချက်များဖြင့် သင့်အား အလုပ်မှထုတ်ပယ်ခြင်းမပြုနိုင်ပါရန် ဥပဒေအရ တားမြစ်ထားသည်။ တရားမျှတမှုမရှိသော ထုတ်ပယ်ခြင်းအတွက် ယှဉ်ပြိုင်ပိုင်ခွင့်ရှိသည်။

10 နုတ်ထွက်ခြင်း 

taishoku

​  

  • အလုပ်သမားများသည် မိမိဆန္ဒအတိုင်း လွတ်လပ်စွာ နှုတ်ထွက်ပိုင်ခွင့်ရှိသည်။ 

နုတ်ထွက်ခြင်းဆိုင်ရာ စည်းမျဉ်းများသည် သင့်စာချုပ်အမျိုးအစားပေါ်မူတည်၍ ကွဲပြားသောကြောင့် သင်၏အလုပ်စည်းမျဉ်းများနှင့် စာချုပ်တွင် သင့်ကုမ္ပဏီ၏ နုတ်ထွက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို စစ်ဆေးပါ။ သင်၏ အမှန်တကယ် လုပ်ငန်းခွင်အခြေအနေများသည် သင့်စာချုပ်ပါအကြောင်းရာများနှင့် ကွဲလွဲနေနေက ပံ့ပိုးကူညီရေးအဖွဲ့အစည်းနှင့် ဆွေးနွေးပါ။ သင်အနေဖြင့်ကျေနပ်မှုမရှိပါက ထွက်ပိုင်ခွင့်လည်း ရှိသည်။​ 

အလုပ်ထွက်ပြီး တစ်လအတွင်း ‌အောက်ပါစာရွက်စာတမ်းများနှင့် အထောက်အထားများကို တောင်းယူပါ။ ၁။ အလုပ်အာမခံကတ် ၂။ ပင်စင်လက်စွဲစာအုပ် ၃။ အခွန်နုတ်လွှာ၊ နှင့် ၄။ သင့်ကုမ္ပဏီမှ နုတ်ထွက်စာ *သင်နှုတ်ထွက်ချင်သော်လည်း သင့်အား ခွင့်မပြုပါက အထောက်အထားများကို သိမ်းဆည်းပြီး သက်ဆိုင်ရာအကူညီပေးရေးအဖွဲ့အစည်းများနှင့်ဆွေးနွေးတိုင်ပင်ပါ။ 

ပိုမိုသိရှိလိုပါက ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဘာသာစကားမျိုးစုံဖြင့်ထုတ်ပြန်ထားသော အလုပ်လက်မဲ့အာမခံထားမှုဆိုင်ရာ  လမ်းညွှန်ချက်များ ကို ဖတ်ရှုပါ။

11 အလုပ်သမားသမဂ္ဂ 

rōdō kumiai

​ 

  • အလုပ်သမားအားလုံးတွင် အလုပ်သမားသမဂ္ဂများထံမှ အကူအညီရယူခွင့်ရှိသည်*

 

သင့်အနေဖြင့်အလုပ်သမားသမဂ္ဂတွင် ပါဝင်ခြင်း သို့မဟုတ် တိုင်ပင်ဆွေးနွေးခြင်းအတွက် သင့်အလုပ်ရှင်သည် သင့်အား ခြိမ်းခြောက်ခြင်း၊ အလုပ်မှထုတ်ပယ်ခြင်း သို့မဟုတ် မတရားပြုမူခြင်းများကို လုပ်ဆောင်ခွင့်မရှိပါ။

*အလုပ်သမားသမဂ္ဂသည် ကြီးကြပ်သည့်အဖွဲ့အစည်း (kyōdō kumiai) နှင့် ကွဲပြားသည်။ အကယ်၍ အချိန်ပိုကြေးမရပဲ သတ်မှတ်အလုပ်ချိန်ထက်ပို၍ဆင်းခိုင်းခြင်း သို့မဟုတ် နှောင့်ယှက်ခံရခြင်း (Harassment) ကဲ့သို့သော ပြဿနာများကြုံရပါက၊ ညှိနှိုင်းဆွေးနွေးရန်အတွက် အလုပ်သမားသမဂ္ဂသို့ ဆက်သွယ်နိုင်ပါသည်။ → အလုပ်သမား သမဂ္ဂဆိုတာဘာလဲ?

Contract
Wages
Payslips
Overtime
Paid Leave
Days Off
Breaks
Harassment
Dismissal
Resignation
Unions
bottom of page