top of page

ကျန်းမာရေးနှင့် လူမှုဖူလုံရေး

အောက်ဖော်ပြပါအဖွဲ့အစည်းများသည် ရွှေ့ပြောင်းနေထိုင်သူများအတွက် ကျန်းမာရေးနှင့် လူမှုဖူလုံရေး အထောက်အပံ့များ ပေးဆောင်သည်။ Okayama ရှိ အဖွဲ့အစည်းများအပြင်၊ အချို့မှာအဝေးမှ ပံ့ပိုးကူညီမှုရရှိနိုင်သည့် နေရာများ (အွန်လိုင်း၊ ဖုန်းဖြင့် စသည်ဖြင့်) ကိုလည်း  ဆက်သွယ်နိုင်သည်။

Organisations

အဖွဲ့အစည်းများ

သော့ချက်စာလုံးများ- ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်း၊Okayama

Okayama Pregnancy Consultation Room သည် ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်းနှင့် ကလေးပြုစုပျိုးထောင်ခြင်းဆိုင်ရာများကို စိုးရိမ်ပူပန်မှုများကင်း၍စိတ်အေးချမ်းသာစွာဖြင့် တိုင်ပင်ဆွေးနွေးနိုင်သော နေရာတစ်ခုဖြစ်သည်။ သင်၏စိုးရိမ်မှုများကို နားထောင်ပေးရန်နှင့် သင့်အတွက် ရရှိနိုင်သော အခွင့် အရေးများအကြောင်းကို အတူတကွ စဉ်းစားပေးပြီး လိုအပ်သည်များ ညွှန်ကြားပေးနိုင်ရန်အတွက် ကျွမ်းကျင်သော ဝန်ထမ်းများဖြင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ ဖုန်းဖြင့် ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ၊ သို့မဟုတ် လူကိုယ်တိုင်လာရောက်၍ဖြစ်စေ (ကြိုတင်ချိန်းဆိုထားခြင်းဖြင့်) နားလည်ရန်လွယ်ကူသောဂျပန်ဘာသာဖြင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ (အခြားဘာသာစကားများအတွက် စကားပြန်လိုအပ်သည်)။ ဖုန်းနံပါတ် 086-235-7899 (ဂျပန် သို့မဟုတ် ဂျပန်အလွယ်) နာရီ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ / 9:00-12:00 အီးမေးလ် ninshin@okayama-u.ac.jp

သော့ချက်စာလုံးများ- ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်း၊ အမိုးအကာ၊ Okayama

Okayama Pregnancy SOS “Sheruto” သည် မျှော်လင့်မထားပဲကိုယ်ဝန်ဆောင်လိုက်ရစဥ်တွင် ကိုယ်ဝန်နှင့် ရင်သွေးကို ပြုစုပျိုးထောင်နိုင်ခြင်း ရှိ၊ မရှိ နှင့်ပတ်သက်၍ မသေချာမရေရာမှုများအတွက် စိတ်ပူနေသူများအား အတိုင်ပင်ခံဝန်ဆောင်မှုများဆောင်ရွက် ပေးပါသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် မှီခိုနေထိုင်စရာနေရာမရှိသော ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း နေထိုင်စရာနေရာတစ်ခု စီစဥ်ပေးပါသည်။ ဂျပန်ဘာသာနှင့် လွယ်ကူသောဂျပန်ဘာသာဖြင့် ဖုန်း သို့မဟုတ် အီးမေးလ်ဖြင့် တိုင်ပင်ဆွေးနွေးနိုင်သည် (အခြားဘာသာစကားများအတွက် စကားပြန်လိုအပ်သည်)။ ဖုန်းနံပါတ် 080-4552-5050 (ဂျပန် သို့မဟုတ် ဂျပန်အလွယ်) နာရီ နေ့တိုင်း / 14:00-20:00 ၎င်းတို့၏ website မှတဆင့်အီးမေးလ်ပို့ပါ။

သော့ချက်စာလုံးများ- ကိုယ်ဝန်၊ ဆေးဘက်ဆိုင်ရာစနစ်၊ ကာကွယ်ဆေးများ

အကယ်၍ သင်သည် အိုကာယာမမြို့၌ နေထိုင်ပြီး စတင်ကိုယ်ဝန်ဆောင်ပါက ကိုယ်ဝန်ဆောင်မှုအသိပေးခြင်းလျောက်လွှာ (ninshin todokede-sho) ကို ဂျပန်၊ အင်္ဂလိပ်၊ တရုတ် သို့မဟုတ် ကိုရီးယားဘာသာဖြင့် ဖြည့်စွက်လျောက်ထားနိုင်ပါသည်။ ၎င်းကို ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားပြီးနောက် တိုင်ပင်ဆွေးနွေးရေးဌာနများဖြစ်ကြသည့် (sanzen sango sōdan sutēshon) သို့မဟုတ် သင့်ဒေသခံကျန်းမာရေးဌာန (kaku hoken sentā) တွင်လျောက်လွှာကိုတင်နိုင်ပါသည်။ သင့်လျှောက်လွှာကို တင်သွင်းသည့်အခါတွင် သားဖွားဆရာမ သို့မဟုတ် ပြည်သူ့ကျန်းမာရေးသူနာပြုတစ်ဦးနှင့် တိုင်ပင်နိုင်ပြီး မိခင်နှင့်ကလေးကျန်းမာရေးလက်စွဲစာအုပ် (oyako techō / boshi techō)၊ ဆေးဘက်ဆိုင်ရာအခကြေးငွေလျှော့စျေးလက်မှတ်များ (jushin-hyō tsudzuri) နှင့် အခမဲ့ကျွမ်းကျင်မှုဆိုင်ရာအကြံဉာဏ်များပါရှိသော စာအုပ်ငယ်တစ်အုပ်ကို သင်ရရှိမည်ဖြစ်ပါသည်။ ထိုစာအုပ်ကို ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားပြီးနောက်နှင့် ကလေး၏ကျန်းမာရေးအခြေအနေနှင့် ကာကွယ်ဆေးထိုးခြင်းကို မှတ်တမ်းတင်ရန်အတွက် အသုံးပြုပါမည်။ ကိုယ်ဝန်ဆောင်ခြင်း သို့မဟုတ် ကလေးမီးဖွားခြင်းအတွက် စိုးရိမ်ပူပန်နေပါက သို့မဟုတ် တိုင်ပင်ပြောဆိုရန် မည်သူမျှမရှိပါက၊ ကျွန်ုပ်တို့၏ရုံးခန်းသို့ လာရောက်ကာခြင်း သို့မဟုတ် ဖုန်းဖြင့် တိုင်ပင်ခြင်းများ လုပ်ဆောင်နိုင်ပါသည်။ ကျေးဇူးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။ ဖုန်းနံပါတ် 086-803-1264 (ဂျပန်အလွယ်) နာရီ တနင်္လာ-သောကြာ ၈း၃၀-၁၇း၁၅ လိပ်စာ Okayama မြို့ ပြည်သူ့ကျန်းမာရေးဌာန၊ ကိုယ်ဝန်ဆောင်နှင့် မီးဖွားပြီးနောက် အတိုင်ပင်ခံဌာန 2F 1-1-1 Shikata-cho၊ Kita-ku၊ Okayama

သော့ချက်စာလုံးများ- ကလေးများ၊ ကိုယ်ဝန်၊ မွေးစားခြင်း။

Children Across Borders (CAB) သည် ဂျပန်နိုင်ငံရှိ နိုင်ငံမဲ့ကလေးများကိုကျွမ်းကျင်မှုဆိုင်ရာ ပံ့ပိုးမှုဖြင့် နိုင်ငံသားရရှိရန် အထူးပြုပံ့ပိုးပေးသည့် ISSJ အတွင်းရှိ ဌာနခွဲတစ်ခုဖြစ်သည်။ ၎င်းတွင် နိုင်ငံတစ်ခုစီ၏ ကောင်စစ်ဝန်ရုံးများနှင့် သံရုံးများသို့ စုံစမ်းမေးမြန်းမှုများနှင့် ကြားနာခြင်းဆိုင်ရာ အကူအညီများ ပါဝင်ပြီး အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ ဖုန်း 03-5840-5711(ဂျပန်၊ အင်္ဂလိပ်၊ ထိုင်းနှင့် တဂါလော့ဘာသာစကားဖြင့်လည်း ဖုန်းခေါ်ဆိုနိုင်သည်၊ သို့သော် ကျွန်ုပ်တို့ကို ဦးစွာဆက်သွယ်ပါ) နာရီ တနင်္လာ-သောကြာ ၁၀း၀၀-၁၇း၀၀ အီးမေးလ် cab@issj.org (ဂျပန်၊ အင်္ဂလိပ်၊ တဂါလော့၊ ထိုင်း)

သော့ချက်စာလုံးများ- အမိုးအကာ၊ အိုးမဲ့အိမ်မဲ့၊ အသိုင်းအဝိုင်း

Kizuna သည် အမိုးအကာ၊ အဝတ်အစား၊ အလုပ်အကိုင် ပံ့ပိုးမှု၊ လူထုအကူအညီအတွက် တိုင်ပင်ဆွေးနွေးခြင်း နှင့် Anrakutei ဟုခေါ်သော အခမဲ့ဟင်းချိုမီးဖိုချောင် အပါအဝင် လိုအပ်သူများအတွက် ပံ့ပိုးကူညီမှု ဝန်ဆောင်မှုများစွာကို တစ်ပတ်လျှင် နှစ်ကြိမ် ဖွင့်လှစ်ပေးပါသည်။ အီးမေးလ် okamakizuna@gmail.com (ဘာသာစကားမျိုးစုံ) လိပ်စာများ- Kizuna 1-5-25 Nakasange၊ Kita Ward၊ Okayama; Anrakutei 70 Shimonakano၊ Kita ရပ်ကွက်၊ Okayama Anrakutei အချိန်ဇယား တနင်္လာနေ့ 9:00-12:00 (အစားအသောက်ဖြန့်ဖြူးချိန် 11:00-11:45), ဗုဒ္ဓဟူးနေ့ 9:00-13:00 (ဟင်းသီးဟင်းရွက်စိုက်ခင်း + နေ့လည်စာ) နှင့် သောကြာနေ့ 15:00-18:00 (အစားအသောက်ဖြန့်ချီချိန် 17:00-17:45)

Resources

အရင်းအမြစ်များ

သော့ချက်စာလုံးများ- ဘေးအန္တရာယ်၊ အရေးပေါ်

Disaster Emergency Message Dial နှင့် Web171 တို့သည် ကြီးကြီးမားမား သဘာဝဘေးအန္တရာယ်အတွင်း ပုံမှန်တယ်လီဖုန်းလိုင်းများ ချိတ်ဆက်ရန်ခက်ခဲသည့်အခါတွင် သင်၏ဘေးကင်းမှုကို အတည်ပြုရန်နှင့် ဆက်သွယ်ရန်အတွက် အသုံးပြုနိုင်သည့် ဖုန်းနှင့် အွန်လိုင်း မက်ဆေ့ဂျ် အခြေခံ ဝန်ဆောင်မှုများဖြစ်သည်။ ၎င်းသည် မှတ်တမ်းတင်ထားသော အသံမက်ဆေ့ချ်များသို့မဟုတ်စာသားမက်ဆေ့ချ်များကို အသုံးပြု၍ အချင်းချင်း၏ ဘေးကင်းမှုကို အတည်ပြုနိုင်စေပါသည်။

သော့ချက်စာလုံးများ- သဘာဝဘေးအန္တရာယ်၊ အရေးပေါ်အခြေအနေ

ရေကြီးခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်ရင်ဆိုင်ရသည့်အခါ လုပ်ဆောင်ရမည့်အချက်များ၊ သဘာဝဘေးဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှုများကိုပြန်လည်ထူ‌ထောင်ရန်အတွက် အစိုးရနှင့်ပုဂ္ဂလိကအရင်းအမြစ်များ၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးရန်ပုံငွေများနှင့် ဆောင်ရွက်ရန်လိုအပ်သည့်လမ်းစဥ်အကျဉ်းချုပ် စသည်များကို ဘာသာစကားမျိုးစုံ‌ဖြင့်လမ်းညွှန်ပေးပါသည်။ ဤလမ်းညွှန်ကို လက်ရှိတွင် ဂျပန်၊ အင်္ဂလိပ်နှင့် ဗီယက်နမ်ဘာသာဖြင့် ရရှိနိုင်ပါပြီး မကြာမီတွင် တရုတ်နှင့် ပေါ်တူဂီဘာသာစကားများကို လည်းထပ်မံရရှိနိုင်ပါမည်။

သော့ချက်စာလုံးများ- ကိုယ်ဝန်ဆောင်ခြင်း ၊ ကိုယ်ဝန်ဖျက်ချမှု၊ နေထိုင်မှုအခြေအနေ

ဤwebsite သည် ဂျပန်တွင် ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းဆိုင်ရာ အချက်အလက်ဖြစ်သည့် ဆေးခန်းတွင်ကိုယ်ဝန်စစ်ဆေးခြင်း၊ သန္ဓေတားခြင်း၊ ကလေးမွေးဖွားခြင်းနှင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း လိုအပ်သောအရာများဆောင်ရွက်ခြင်းစသည့် ဂျပန်နိုင်ငံရှိ ကိုယ်ဝန်နှင့် ကလေးမွေးဖွားခြင်းဆိုင်ရာ အချက်အလက်များကို ပေးသည့် ဆိုက်တစ်ခုဖြစ်သည်။ မျှော်လင့်မထားသေသေကိုယ်ဝန်များ၊ အရေးပေါ်သန္ဓေတားဆေးဆိုင်ရာများနှင့် ကိုယ်ဝန်နှင့် ကလေးမွေးဖွားမှုနှင့်ပတ်သက်သည့် နေထိုင်ရေးဆိုင်ရာအခြေအနေ(ဇိုင်းလယူးရှီကခု) နှင့် ပတ်သက်သည့် အချက်အလက်များလည်း ဖော်ပြပါရှိပါသည်။ ဆိုက်ကို ဂျပန်၊ အင်္ဂလိပ်၊ ဗီယက်နမ်၊ နီပေါနှင့် တရုတ်ဘာသာဖြင့် ရနိုင်သည်။

သော့ချက်စာလုံးများ- ကိုယ်ဝန်၊ ကလေးများ၊ ဆေးဘက်ဆိုင်ရာစနစ်

ဤ Kanagawa International Foundation website သည် ကလေးမွေးဖွားမှု၊ ကလေးထိန်းမှု၊ မူကြိုကျောင်း၊ သူငယ်တန်းနှင့် မူလတန်းကျောင်းဝင်ခွင့်ဆိုင်ရာများ၊ မိခင်နှင့်ကလေးကျန်းမာရေးလက်စွဲစာအုပ်၊ ကလေးမွေးဖွားမှုထောက်ပံ့ငွေစသည့် အကြောင်းအရာများအပါအဝင် ဂျပန်တွင် ကလေးပြုစုပျိုးထောင်မှုဆိုင်ရာ အချက်အလက်များကို ပေးဆောင်သည့် ဆိုက်တစ်ခုဖြစ်သည်။ မွေးစာရင်း၊ ကလေးစရိတ်၊ လူဝင်မှုကြီးကြပ်ရေးလုပ်ထုံးလုပ်နည်းများနှင့် မွေးကင်းစကလေးကျန်းမာရေးစစ်ဆေးခြင်း စသည်ဖြင့် ကလေးပြုစု‌စောင့်ရှောင့်ပျိုးထောင်ခြင်းနှင့်ပတ်သက်သည့် အချက်အလက် အရင်းအမြစ် များစွာကို ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ တဂါလော့၊ စပိန်၊ နီပေါ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ နှင့် ကိုရီးယားဘာသာစကားများဖြင့် ရရှိနိုင်ပါသည်။

သော့ချက်စာလုံးများ- ကလေးများ၊ ကာကွယ်ဆေးများ၊ ဆေးဘက်ဆိုင်ရာစနစ်

ကာကွယ်ဆေးသုတေသနစင်တာသည် ဂျပန်နိုင်ငံရှိ ကလေးများအတွက် ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ အချက်အလက်များ ၊ကာကွယ်ဆေးအမျိုးအစားအမျိုးမျိုးဆိုင်ရာအကြောင်း ကို အကျဉ်းချုပ်ဖော်ပြသည့် ကာကွယ်ဆေးထိုးနည်းလမ်းညွှန်များကို မိဘများအတွက် ဘာသာစကားပေါင်းစုံဖြင့် ရေးသားထုတ်ဝေထားပြီး ၎င်း၏ဝဘ်ဆိုဒ်တွင် ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ကိုးရီးယား၊ အင်ဒိုနီးရှား၊ တဂါလော့၊ နီပေါ၊ ထိုင်း၊ စပိန်နှင့် ပေါ်တူဂီဘာသာစကားများဖြင့် ရယူနိုင်ပါသည်။

သော့ချက်စာလုံးများ- ကိုယ်ဝန်၊ ကလေးများ၊ ဆေးဘက်ဆိုင်ရာစနစ်၊ ကာကွယ်ဆေးများ

RASC သည် ဂျပန်နိုင်ငံတွင် ကိုယ်ဝန်ဆောင်၊ ကလေးမွေးဖွားခြင်းနှင့် ကလေးထိန်းခြင်းဆိုင်ရာ လမ်းညွှန်စာအုပ်ကိုဘာသာစကားပေါင်းစုံ ဖြင့်ရေးသားထုတ်ဝေထားပြီး၎င်း၏ ၀က်ဘ်ဆိုက်တွင် တင်ထားပါသည်။ ၎င်း ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ၊ သားဖွားမီးယပ်ဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများ၊ ကိုယ်ဝန်နှင့် ကလေးမွေးဖွားမှုဆိုင်ရာ ကိစ္စရပ်များ၊ မိခင်နို့တိုက်ကျွေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် စသည့် ကလေးမွေးဖွားခြင်းဆိုင်ရာ စကားလုံးများနှင့် အသုံးများသော အသုံးအနှုန်းများဆိုင်ရာ အချက်အလက်များကို ပါဝင်ပါသည်။ ၎င်းကို ဂျပန်၊ အင်္ဂလိပ်၊ မြန်မာ၊ တရုတ်၊ ဒါရီ၊ ပြင်သစ်၊ ဂျာမန်၊ အင်ဒိုနီးရှား၊ ကိုးရီးယား၊ လာအို၊ မလေး၊ နီပေါ၊ ပေါ်တူဂီ၊ ရုရှ၊ ဆင်ဟာလာ၊ တဂါလော့၊ ထိုင်း၊ ယူကရိန်းနှင့် ဗီယက်နမ်ဘာသာစကားများဖြင့် ရရှိနိုင်ပါသည်။

သော့ချက်စာလုံးများ- ဘေးအန္တရာယ်၊ အရေးပေါ်

ဤဆိုက်တွင် ဘာသာစကားမျိုးစုံသုံး သဘာဝဘေးလက်စွဲစာအုပ်၊လက်ကမ်းစာစောင်များ နှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ ကယ်ဆယ်ရေးလုပ်ဆောင်မှုများနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး သို့မဟုတ် အကူအညီများအပါအဝင် ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်မှုများဆိုင်ရာ အချက်အလက်များ၊ ဘေးအန္တရာယ်ကာလအတွင်းနှင့် ကျရောက် ပြီးနောက် လုပ်ဆောင်သင့်သည့် လမ်းညွှန်ချက်နှင့် ပံ့ပိုးကူညီမှုများစသည့် သတင်းအချက်အလက်အများအပြားကို ဘာသာစကားမျိုးစုံဖြင့် ပံ့ပိုးပေးပါသည်။ အရင်းအမြစ်များကို ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ဗီယက်နမ်၊ ကိုရီးယား၊ နီပေါ၊ တဂါလော့၊ ထိုင်း၊ ပေါ်တူဂီနှင့် စပိန်ဘာသာစကားများဖြင့် ရရှိနိုင်ပါသည်။

သော့ချက်စာလုံးများ- ဆေးဘက်ဆိုင်ရာစနစ်၊ ဆေးရုံ၊ ရပ်ရွာ၊ သဘာဝဘေးအန္တရာယ်၊ အရေးပေါ်၊ အမှိုက်

ဤဝဘ်ဆိုက်တွင် ဂျပန်နိုင်ငံတွင်အသုံးပြုလျှက်ရှိသည့်အများပြည်သူနှင့် သက်ဆိုင်သည့်စနစ်များ၊ ၎င်းတို့၏ လုပ်ထုံးလုပ်နည်းများနှင့် နေ့စဉ်ဘဝတွင် အသုံးဝင်နိုင်သည့် အချက်အလက်များနှင့်လမ်းညွှန်မှုများ အပြင် အခြားဝန်ဆောင်မှုများအကြောင်းစသည့် သတင်းအချက်အလက်ဆိုင်ရာ ဗီဒီယိုများ ကိုပေးပါသည်။ ပါဝင်သည့် ခေါင်းစဉ်များမှာ- ဒေသန္တရအစိုးရရုံးတွင် နေထိုင်ခွင့်မှတ်ပုံတင်ခြင်း၊ အခွန်စနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ ပင်စင်စနစ်၊ ဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများကို တုံ့ပြန်ဆောင်ရွက်ခြင်း၊ ရပ်ရွာပူးပေါင်းဆောင်ရွက်မှု၊ အမှိုက်စီမံခန့်ခွဲမှုနှင့် ညှိနှိုင်းဆောင်ရွက်ပေးမှုများ စသည့် ဗီဒီယိုများကို ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ခမာ၊ ကိုးရီးယား၊ မွန်ဂိုလီးယား၊ ဗမာ၊ နီပေါ၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်၊ ထိုင်းနှင့် ဗီယက်နမ်ဘာသာစကားများဖြင့် ကြည့်ရှုနိုင်ပါသည်။

သော့ချက်စာလုံးများ- အမှိုက်

Okayama City Garbage Separation Guide သည် အမှိုက်ပြက္ခဒိန်အချိန်ဇယား၊ အမှိုက်အမျိုးအစားခွဲလမ်းညွှန်၊ သတိပေးချက်များနှင့် စွန့်ပစ်ပစ္စည်းမြေပုံများကို ပံ့ပိုးပေးသည့် App တစ်ခုဖြစ်သည်။ App ကို ဂျပန်၊ အင်္ဂလိပ်၊ တရုတ်နှင့် ဗီယက်နမ်ဘာသာဖြင့် ရနိုင်သည် (ဖုန်းsetting များတွင် ရွေးချယ်နိုင်သော ဘာသာစကားဖြင့်လဲအသုံးပြု၍ရနိုင်ပါသည်။

bottom of page