top of page

လေ့လာမှုဆိုင်ရာအထောက်အပံ့

အောက်တွင်ဖော်ပြထားသောအဖွဲ့အစည်းများသည် ရွှေ့ပြောင်းနေထိုင်သူများအတွက် သင်ကြားရေးဆိုင်ရာ ပံ့ပိုးမှုပေးပါသည်။ Okayama ရှိ အဖွဲ့အစည်းများအပြင်၊ အဝေးမှသင်ကြားရေးဆိုင်ရာ ပံ့ပိုးကူညီမှုပေးသည့် အဖွဲ့အစည်း (အွန်လိုင်း၊ တယ်လီဖုန်းစသည်ဖြင့်) ကိုလည်း မိတ်ဆက်ပေးသည့်အဖွဲ့အစည်းများပါဝင်ပါသည်။

Organisations

အဖွဲ့အစည်းများ

INE သော့ချက်စာလုံးများ-Okayama၊ ကလေးများ၊ ဒေသ/ရပ်ရွာဆိုင်ရာအဖွဲ့အစည်း၊ ပညာရေး

INE သည် Okayama စီရင်စုရှိ နိုင်ငံခြားသား မိဘများနှင့် ကလေးများအား ဂျပန်ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းဆိုင်ရာလှုပ်ရှားမှုများမှတဆင့်‌ဒေသတွင်းရှိ မိဘများနှင့် ကလေးများကိုဖွဲ့စည်းချိတ်ဆက် မှုများတည်ဆောက်ပေးကာ အထီးကျန်မဖြစ်စေရန်အတွက် ပွဲများနှင့်လှုပ်ရှားမှုများကို ကျင်းပပေးပါသည်။ ကလေးထိန်းကျောင်းနှင့်ပညာရေးဆိုင်ရာများ၊ လူမှုဖူလုံရေးဆိုင်ရာစောင့်ရှောက်မှုနှင့်အထောက်အပံ့များ၊ အခြားသောစိုးရိမ်မှုများကို ကျွမ်းကျင်သူများနှင့်ဆွေးနွေးတိုင်ပင်နိုင်ပါသည်။ ထို့အပြင်ကျွမ်းကျင်သည့်ဂျပန်ဆရာ/မများမှလည်း ဂျပန်စာနှင့်ဘာသာစကားလေ့လာသင်ယူမှုနှင့်လေ့ကျင့်မှုဆိုင်ရာများကိုလည်းပံ့ပိုးကူညီမှုများရရှိနိုင်ပါသည်။ အီးမေးလ် ineokayama@gmail.com လိပ်စာ 2-10 Funahashi-cho၊ Kita-ku၊ Okayama မြို့၊

သော့ချက်စာလုံးများ- Okayama၊ ကလေးများ၊ ပညာရေး၊ ကျောင်းသား

Kiralin သည် ဂျပန်စာအားနည်းသည့် မူလတန်း၊ အလယ်တန်း၊အထက်တန်း ကျောင်းသားများ နှင့် ၎င်းတို့ မိဘများအတွက် တစ်ဦးချင်း သင်ကြားရေး အထောက်အပံ့ကို ပေးပါသည်။နိုင်ငံရပ်ခြားသား ကလေးငယ်များ နှင့် မသန်စွမ်းကလေးငယ်များအတွက်လည်းအထူးအလေးပေး ပံ့ပိုးမှုများပေးပါသည်။ တစ်ကြိမ်ပါဝင်ကြေးမှာ ယန်း ၅၀၀ ကုန်ကျပါသည်။ လိပ်စာ Kirameki Plaza 2F Yuai Center 2-13-1 Minamigata၊ Kita-ku၊ Okayama City နာရီ စနေနေ့တိုင်း 14:00-15:00 (၎င်းတို့၏ site ပေါ်တွင်အချိန်ဇယားကိုကြည့်ပါ)

သော့ချက်စာလုံးများ- Okayama၊ ပညာရေး၊ ကလေးများ၊ ကျောင်းသား

Okayama အလယ်တန်းညကျောင်း သည် အသက်အရွယ်မရွေး နိုင်ငံသားမရွေးတက်‌ရောက်သင်ယူနိုင်ပါသည်။ မူလတန်းနှင့် အလယ်တန်းသင်ရိုးအကြောင်းအရာများကို သင်ကြားပို့ချပေးပြီး စေတနာ့ဝန်ထမ်းများ ဦးစီးဆောင်ရွက်မှုဖြင့် ဖွင့်လှစ်သင်ကြားပေးပါသည်။ အီးမေးလ် noby1009@gmail.com ဖုန်း ၀၉၀-၂၈၆၂-၄၄၀၀ နာရီ အတန်းများကို တနင်္လာ၊ ဗုဒ္ဓဟူး နှင့် စနေနေ့ ညနေပိုင်းများတွင် ဖွင့်လှစ်သင်ကြားပေးပါသည် (၎င်းတို့၏ site ပေါ်တွင် အချိန်ဇယားကို ကြည့်ပါ) လိပ်စာ IROHAMISE Bldg 3F၊1-9-53 Omotecho၊ Kita-ku၊ Okayama မြို့

သော့ချက်စာလုံးများ- Okayama၊ ကျောင်းသား၊ ပညာရေး

SGSG သည် နိုင်ငံခြားသား ကလေးငယ်များအပါအဝင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများအတွက် လေ့လာယူမှုဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် အကြံဉာဏ်ပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါသည်။ စာမေးပွဲများ၊ ဝင်ခွင့်စာမေးပွဲများနှင့် ကျောင်းပညာရေး စသည့်များနှင့်ပတ်သက်သည်များကို တိုင်ပင်ဆွေးနွေး အကြံရယူနိုင်ပါသည်။ ဖုန်း ၀၈၆-၈၉၇-၂၄၇၆ နာရီ တနင်္လာ-သောကြာ 13:00-20:00 လိပ်စာ 3-1-30 Hōkancho၊ Kita Ward၊ Okayama

သော့ချက်စာလုံးများ- Okayama၊ ပညာရေး၊ ကလေးများ၊ ကျောင်းသား

Share&Chill သည် ဗီယက်နမ်လူမျိုး နည်းပညာဆိုင်ရာ အလုပ်သင်များအတွက် ဂျပန်ဘာသာစကား သင်ကြားပေးသည့်အဖွဲ့ဖြစ်ပါသည်။ ဘာသာစကားလေ့လာခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ယဉ်ကျေးမှုပေါင်းစုံပွဲများမှတစ်ဆင့် ဆက်သွယ်ရေးစွမ်းရည်များ တိုးတက်ကောင်းမွန်လာစေရန် ပံ့ပိုးပေးပါသည်။

Resources

အရင်းအမြစ်များ

သော့ချက်စာလုံးများ- Okayama, ပညာရေး

Okayama စီရင်စု၏ဆိုဒ်သည် စီရင်စုအတွင်းရှိ အခမဲ့ သို့မဟုတ် စျေးသက်သာသော ဂျပန်ဘာသာစကားသင်တန်းစာရင်းများနှင့်အချက်အလက်ဆိုင်ရာများ ကို update လုပ်ပြီးဖော်ပြပေးထားပြီး ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ဗီယက်နမ်၊ ကိုးရီးယားနှင့် ပေါ်တူဂီဘာသာစကားများဖြင့် ရနိုင်ပါသည်။

bottom of page