top of page

အလုပ်သမားနှင့် ဥပဒေရေးရာ

ဤအဖွဲ့အစည်းများသည် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်သမားနှင့် ဥပဒေဆိုင်ရာ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသည်။ အချို့မှာ Okayama တွင်တည်ရှိပြီး အချို့မှာ အွန်လိုင်း သို့မဟုတ် ဖုန်းဖြင့် ဆက်သွယ်နိုင်သည်။

Organisations

အဖွဲ့အစည်းများ

သော့ချက်စာလုံးများ- အလုပ်၊ အခွင့်အရေး၊ သမဂ္ဂ၊ နေစရာ၊ နည်းပညာ အလုပ်သင်

Fukuyama Union Tanpopo သည် ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် အလုပ်သမားအားလုံးအတွက် တရားမျှတမှုမရှိသော လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေများကို ရင်ဆိုင်နေရသော အလုပ်သမားများအတွက် တိုင်ပင်ဆွေးနွေးမှုနှင့် ထောက်ခံအားပေးမှုများကို ကူညီဆောင်ရွက်ပေးပါသည်။ ထို့အပြင် လုပ်ငန်းခွင်တွင်းနှောင့်ယှက်ခြင်း (သားဖွားခြင်းဆိုင်ရာ နှောင့်ယှက်ခြင်းအပါအဝင်)၊ လူမှုဆက်ဆံရေး၊ လုပ်ငန်းခွင်ပြောင်းလဲလိုခြင်းဆိုင်ရာများနှင့် လုပ်ငန်းခွင်ဆက်စပ်မတော်တဆမှုများစသည့်များကို တိုင်ပင်ဆွေးနွေးခြင်းများလည်းဆောင်ရွက်နိုင်ပါသည်။ အလုပ်ထုတ်ခံရခြင်းစသည့် အကြောင်းများကြောင့် ၎င်းတို့၏ နေထိုင်မှုအခြေအနေ ဆုံးရှုံးသွားသော ရွှေ့ပြောင်းအလုပ်သမားများကို ညှိနှိုင်းဆွေးနွေးမှုများကိုလည်း ဆောင်ရွက်ပေးပါသည်။ ဖုန်း 084-928-5055 (ဂျပန်၊ အလွယ်ဂျပန်) Facebook Messenger (ဂျပန်၊ ဗီယက်နမ်၊ တရုတ်၊ ကမ္ဘောဒီးယား၊ Bahasa Indonesia) နာရီ တနင်္လာ-သောကြာ ၁၀း၀၀-၁၆း၀၀ ဆက်သွယ်ရန် သင် Okayama တွင်ရှိနေပါက သမဂ္ဂကို ဆက်သွယ်ရန်၊ ၎င်းတို့ကို Facebook တွင် ဖုန်းခေါ်ဆိုပါ သို့မဟုတ် မက်ဆေ့ချ်ပို့ကာ အွန်လိုင်းဗီဒီယို သို့မဟုတ် လူကိုယ်တိုင်တွေ့ဆုံရန် စီစဉ်ပေးမည်ဖြစ်သည်။ အန္တရာယ်ရှိသော အခြေအနေမှ လွတ်မြောက်ရန် လိုအပ်သော အရေးပေါ်အခြေအနေများအတွက် ပြည်ထောင်စုတွင် ဖူကူယာမတွင် အမိုးအကာများ ရှိသည်။

သော့ချက်စာလုံးများ- အလုပ်သမား/အလုပ်၊ လူ့အခွင့်အရေး၊ အလုပ်သမားသမဂ္ဂ၊ နေထိုင်မှုအခြေအနေ(‌ဇိုင်းရူးရှီကခု)

Okayama တွင်တည်ရှိသော လွတ်လပ်သော အလုပ်သမားသမဂ္ဂသည် အလုပ်သမားများ၏နေ့စဉ်ဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာစိုးရိမ်မှုများနှင့် ပတ်သက်သည့်ပြဿနာများ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ နေထိုင်မှုအခြေအနေဆုံးရှုံးခဲ့ရသူများအပါအဝင် သက်တမ်းလွန်နေ ထိုင်သူ ( overstay ) အလုပ်သမားအားလုံး၏တိုင်ပင်ဆွးနွေးမှုများကိုကြိုဆိုပါသည်။ ဂျပန်ဘာသာနှင့် နားလည်ရန်လွယ်ကူသောဂျပန်ဘာသာဖြင့် တိုင်ပင်ဆွေးနွေးမှုများကို ဆောင်ရွက်ပေးပါသည် (အခြားဘာသာစကားများအတွက် စကားပြန်လိုအပ်သည်)။ အီးမေးလ် okakenro@mx1.tiki.ne.jp ဖုန်းနံပါတ် 086-221-0133 (ဂျပန်အလွယ်) လိပ်စာ Okayama မြို့ အလုပ်သမား လူမှုဖူလုံရေးဌာန 3F 5-6 Kasugacho၊ Kita-ku၊ Okayama မြို့

သော့ချက်စာလုံးများ- အလုပ်သမား/အလုပ်၊ လူ့အခွင့်အရေး၊ အလုပ်သမားသမဂ္ဂ၊ နေထိုင်မှု အခြေအနေ၊ နည်းပညာ အလုပ်သင်များ

Scrum Union သည် တရားမျှတမှုမရှိသော အလုပ်ထုတ်ပယ်ခံရမှု၊ လုပ်ငန်းခွင်ထိခိုက်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် မီးဖွားခြင်းဆိုင်ရာများနှောင့်ယှက်ခံရမှု၊ အခကြေးငွေ မရသေးသော အချိန်ပိုလုပ်ခ၊ လုပ်ခ၊ လူမှုရေးအာမခံ၊နှင့် အလုပ်ဗီဇာများကဲ့သို့သောပြဿနာအမျိုးမျိုးအတွက် နည်းပညာဆိုင်ရာ အလုပ်သင်များအပါအဝင် အလုပ်သမားအားလုံးတိုင်ပင်ဆွေးနွေးနိုင်ပါသည်။ တိုင်ပင်ဆွေးနွေးမှုများကို ဂျပန်၊ တရုတ်၊ ပေါ်တူဂီ၊ ဗီယက်နမ်၊ နှင့် Tagalog ဘာသာစကားများဖြင့်ဆွေးနွေးနိုင်ပါသည်။ ဖုန်း 082-264-2310 (ဂျပန်၊ အလွယ်ဂျပန်) နာရီ တနင်္လာ-သောကြာ ၁၀း၀၀-၁၇း၀၀ အီးမေးလ် scrum_u34@ybb.ne.jp

သော့ချက်စာလုံးများ- အလုပ်သမား/အလုပ်၊ လူ့အခွင့်အရေး၊နေထိုင်မှုအခြေအနေ(‌ဇိုင်းရူးရှီကခု)

Okayama Public Law Office (ပြည်သူ့ဥပဒေရုံး) သည် နိုင်ငံခြားသားများအတွက် ဥပဒေရေးရာ ဆွေးနွေးတိုင်ပင်မှုများကို အခကြေးငွေပေးပြီးဆွေးနွေးနိုင်သောကုမ္ပဏီတစ်ခုဖြစ်ပြီး တိုင်ပင်ဆွေးနွေးခြင်းအကြောင်းအရာများတွင် အကြွေး၊ အလုပ်၊ ယာဉ်မတော်တဆမှု၊ ကွာရှင်းမှုနှင့် နေထိုင်မှုအခြေအနေ(‌ဇိုင်းရူးရှီကခု) ကဲ့သို့သော ပြဿနာများနှင့်ပတ်သက်၍တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ မိနစ် ၄၀ အတွက်တိုင်ပင်ဆွေးနွေးခမှာ ယန်း ၅၅၀၀ ဖြစ်သည်။ ကျေးဇူးပြု၍ ဖုန်းဖြင့် သို့မဟုတ် အွန်လိုင်းမှတဆင့် ကြိုတင်စာရင်းသွင်း၍အင်္ဂလိပ်၊ ဂျပန်နှင့် လွယ်ကူသောဂျပန်ဘာသာများဖြင့် တိုင်ပင်ဆွေးနွေးမှုများကို ဆွေးနွေးတိုင်ပင်နိုင်ပါသည် (အခြားဘာသာစကားများအတွက် စကားပြန်လိုအပ်ပါသည်) မတိုင်ပင်မီ၊ သင်၏နေထိုင်မှုအခြေအနေ(‌ဇိုင်းရူးရှီကခု)နှင့် နိုင်ငံကူးလက်မှတ်ကို စစ်ဆေးရန်လိုအပ်ပါသည်။ သင့်၏ နေထိုင်မှုအခြေအနေ(‌ဇိုင်းရူးရှီကခု)ပေါ်မူတည်၍ အခွင့်အရေးနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကွဲပြားသောကြောင့်ဖြစ်သည်။ နေထိုင်ခွင့် ကျော်လွန်နေသ၊ ဆုံးရှုံးသွားသူများလဲ လက်မလျှော့ပဲ လုံခြုံစွာ တိုင်ပင်နိုင်ပါသည်။ ဖုန်းနံပါတ် 086-221-0133 (ဂျပန်အလွယ်) လိပ်စာ Okayama မြို့ အလုပ်သမား လူမှုဖူလုံရေးစင်တာ 2F 5-6 Kasugacho၊ Kita-ku၊ Okayama မြို့ နာရီ တနင်္လာ-သောကြာ ၉း၀၀-၁၈း၀၀

သော့ချက်စာလုံးများ- အလုပ်သမား‌ရေးရာ၊ အလုပ်

အလုပ်သမား စံချိန်စံညွှန်းစစ်ဆေးရေးရုံးသည် နိုင်ငံတော် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနရုံးဖြစ်ပြီး လုပ်ခဆိုင်ရာများ၊ အခကြေးငွေမယူရသေးသော အချိန်ပိုလုပ်ခ၊ အချိန်ပိုအလုပ်၊ အားလပ်ချိန် သို့မဟုတ် ခွင့်ယူရန်ခွင့်မပြုခြင်း (အထူသဖြင့် အခကြေးငွေခံစားခွင့်ရှိသောခွင့်)၊ အလုပ်ထွက်ချင်သော်လည်း နုတ်ထွက်ခွင့်မပြုခြင်း၊ အလုပ်သမားများ၏ လျော်ကြေးအာမခံ ခံစားခွင့်များကို ငြင်းပယ်ခြင်း စသည့် အကြောင်းအရာများကို ဂျပန်ဘာသာနှင့် လွယ်ကူသောဂျပန်ဘာသာဖြင့် တိုင်ပင်ဆွေးနွေးမှုများကို ဆောင်ရွက်ပးပါသည် (အခြားဘာသာစကားများအတွက် စကားပြန်လိုအပ်သည်)။ ဖုန်းနံပါတ် 086-283-4540 (ဂျပန်အလွယ်) လိပ်စာ 2-11-20၊ Daiku၊ Kita-ku၊ Okayama မြို့ နာရီ တနင်္လာ-သောကြာ ၈း၃၀-၁၇း၁၅

သော့ချက်စာလုံးများ- အလုပ်သမား‌ရေးရာ၊ အလုပ်

HelloWork သည် အစိုးရ၏ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနရုံးဖြစ်ပြီး အလုပ်ရှာဖွေရေးနှင့် အလုပ် အာမခံဆိုင်ရာ လုပ်ငန်းစဉ်များနှင့်လုပ်ထုံးလုပ်နည်းများကို တိုင်ပင်ဆွေးနွေးနိုင်သည်။ Okayama မြို့၊ Kurashiki မြို့ နှင့် Soja မြို့တို့တွင် ဘာသာစကားပေါင်းစုံတိုင်ပင်ဆွေးနွေးနိုင်ပြီး အင်္ဂလိပ် နှင့် ပေါ်တူဂီဘာသာစကားများကို ရက်သတ္တပတ်၏နေ့ရက်ပေါ် မူတည်၍ ညှိနှိုင်းဆွေးနွေးနိုင်ပါသည်။ ထို့ကြောင့်အသေးစိတ်သိရှိရန် ဝဘ်ဆိုက်ကိုကြည့်ရှုပါ။ ဖုန်းနံပါတ် 086-241-3701 (ဂျပန်အလွယ်) လိပ်စာ 1-1-20 Noda၊ Kita-ku၊ Okayama မြို့ နာရီ တနင်္လာ-သောကြာ ၈း၃၀-၁၇း၁၅

သော့ချက်စာလုံးများ- နိုင်ငံမဲ့ဖြစ်မှု၊ ကလေးသူငယ်များ၊ လူ့အခွင့်အရေး

Children Across Borders (CAB) သည် ဂျပန်နိုင်ငံရှိ နိုင်ငံမဲ့ကလေးများကိုကျွမ်းကျင်မှုဆိုင်ရာ ပံ့ပိုးမှုဖြင့် နိုင်ငံသားရရှိရန် အထူးပြုပံ့ပိုးပေးသည့် ISSJ အတွင်းရှိ ဌာနခွဲတစ်ခုဖြစ်သည်။ ၎င်းတွင် နိုင်ငံတစ်ခုစီ၏ ကောင်စစ်ဝန်ရုံးများနှင့် သံရုံးများသို့ စုံစမ်းမေးမြန်းမှုများနှင့် ကြားနာခြင်းဆိုင်ရာ အကူအညီများ ပါဝင်ပြီး အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ ဖုန်း 03-5840-5711(ဂျပန်၊ အင်္ဂလိပ်၊ ထိုင်းနှင့် တဂါလော့ဘာသာစကားဖြင့်လည်း ဖုန်းခေါ်ဆိုနိုင်သည်၊ သို့သော် ကျွန်ုပ်တို့ကို ဦးစွာဆက်သွယ်ပါ) နာရီ တနင်္လာ-သောကြာ ၁၀း၀၀-၁၇း၀၀ အီးမေးလ် cab@issj.org (ဂျပန်၊ အင်္ဂလိပ်၊ တဂါလော့၊ ထိုင်း)

သော့ချက်စာလုံးများ- အခွင့်အရေး၊ လူကုန်ကူးမှု၊ အရေးပေါ်၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု

ZOE Japan သည် လူကုန်ကူးမှု၏ သားကောင်ဖြစ်ရသည့် အရွယ်မရောက်သေးသော ကလေးသူငယ်များနှင့် လူငယ်များအတွက် အကြံဉာဏ်ပေးခြင်းနှင့် ပံ့ပိုးကူညီမှုများပေးပါသည်။ လူကုန်ကူးမှုမှ လွတ်မြောက်လာသူ လူငယ်များအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးခြင်း၊ ကလေးသူငယ် အတိုင်ပင်ခံ စင်တာများ၊ ဥပဒေ ပညာရှင်များနှင့် NPO များနှင့် ပုဂ္ဂလိကဒေသခံအဖွဲ့အစည်းများနှင့်အတူ ဒုက္ခရောက်နေနေများကို ၎င်းတို့လိုအပ်သော စောင့်ရှောက်မှုနှင့် ပံ့ပိုးမှုများရရှိရန် ကူညီဆောင်ရွက်ပေးပါသည်။ ဖုန်း ၀၅၀-၃၁၈၅-၃၃၂၂ (ဂျပန်၊ အင်္ဂလိပ်)၊ နာရီ တနင်္လာ-သောကြာ ၁၀း၀၀-၁၆း၀၀ လိုင်း eng.gozoe.jp/get-help (အင်္ဂလိပ်) gozoe.jp/sodan (ဂျပန်)

bottom of page