ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ အခမဲ့ အတိုင်ပင်ခံရုံးသို့ ဆက်သွယ်ပါ။
ဒေသဆိုင်ရာအစိုးရများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် အလုပ်သမားသမဂ္ဂများထံမှ အကြံဉာဏ်နှင့် ပံ့ပိုးကူညီမှုများကို ရယူခြင်းသည် သင့်အခွင့်အရေးဖြစ်သည်။ အလုပ်ကိစ္စများအတွက် သင်အကူအညီတောင်းသောကြောင့် သင့်အား အနိုင်ကျင့်ခြင်း သို့မဟုတ် အလုပ်ှထုတ်ပယ်ခြင်းများကို အလုပ်ရှင်များမှ လုံးဝလုပ်ပိုင်ခွင့်မရှိပါ။ သင့်အလုပ်သမားအခွင့်အရေးများကို အလုပ်ှင်မှ အသိအမှတ်မပြုပါက သို့မဟုတ် သင့်လုပ်ငန်းခွင်ဆိုင်ရာအခြေအနေများနှင့် ပတ်သက်၍ မေးစရာများရှိပါက အတိုင်ပင်ခံဌာန နှင့် ပံ့ပိုးကူညီရေးအဖွဲ့အစည်းများသို့ ဆွေးနွေးတိုင်ပင်ပါ။
အကြံဉာဏ်မတောင်းမီ၊ သင်၏နေထိုင်ခွင့်အခြေနေ (zairyū shikaku) နှင့် နိုင်ငံကူးလက်မှတ် စသည်တို့ကို စစ်ဆေးပါ။ ထိုအချက်များကွဲပြားမှုပေါ် လိုက်၍ ဖြေရှင်းဆောင်ရွက်ချက်များလိုက်၍ကွဲပြားနိုင်ပါသည်။ နေထိုင်ခွင့် ကုန်ဆုံးသူများ လည်း ဆွေးနွေးတိုင်ပင်နိုင်ပါသည်။ အကယ်၍ သင်သည် မည်သည့်အဖွဲ့အစည်းနှင့် ဆက်သွယ်တိုင်ပင်ရမည်ကို မသိပါက သို့မဟုတ် စကားပြန်လိုချင်ပါက၊ OPIEF သို့ ဆက်သွယ်ပါ။
အခမဲ့ တိုင်ပင်ဆွေးနွေးမှု (အိုကယာမ စီရင်စု)
OPIEF (Prefectural International Exchange Foundation)
အိုကယာမစီရင်စုရှိ ရွှေ့ပြောင်းနေထိုင်သူများအတွက် ထောက်ပံ့ရေးစင်တာ OPIEFသည် လိုအပ်သည့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပေးခြင်းနှင့် လိုအပ်ပါက ဘာသာပြန်အနေဖြင့်လည်းကူညီဆောင်ရွက်ပေးပါသည်။ သာစကားအမျိုးမျိုးဖြင့် တိုင်ပင်ဆွေးနွေးမှုများကို ဖုန်း သို့မဟုတ် အီးမေးလ်ဖြင့်လည်း ရရှိနိုင်ပါသည်။
日本語, English, 中文, Português, Tiếng Việt, Tagalog, 한국어, Bahasa Indonesia, ภาษาไทย, नेपाली, Español
0120-007-173 (လွယ်ကူသော ဂျပန်စကား)
2-2-1 Hokancho, Kita Ward, Okayama / တနင်္လာ-စနေ- ၉း၀၀-၁၇း၀၀

